ဂါဘွန်တိုက်စစ်မှူး အူဘာမီယန် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူပြီ

မေ ၂၀

ဂါဘွန်    အသင်းခေါင်းဆောင်နဲ့ ဘာစီလိုနာ တိုက်စစ်မှူး  အူဘာမီယန်ဟာ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်တယ်လို့    သိရပါ တယ်။


အသက် ၃၂ နှစ်အရွယ်ရှိ  အူဘာမီယန် ဟာ ဂါဘွန်နိုင်ငံ လက်ရွေးစင်အသင်းနဲ့ အတူ ပြိုင်ပွဲစုစုပေါင်း ၆၈ ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး  သွင်းဂိုးစုစုပေါင်း  ၂၉ ဂိုး သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

ဂါဘွန်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် တစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး အူဘာမီယန်ရဲ့ နိုင်ငံလက်ရွေးစင်  ကစားသမားဘဝမှ အနားယူတော့မယ်ဆိုတဲ့   ဆုံးဖြတ်ချက် ပါဝင်တဲ့စာကိုလည်း ဂါဘွန်ဘောလုံးအဖွဲ့ ချုပ်က လက်ခံရရှိခဲ့ပြီးဖြစ်တယ်လို့  အဲဒီ ဘောလုံးအဖွဲ့ချုပ်က ပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူး အူဘာမီယန်ဟာ  ဂါဘွန် လက်ရွေးစင်အသင်းနဲ့အတူ ၁၃ နှစ်ကြာ ပွဲထွက်ကစားခဲ့ပြီး  ဂါဘွန်ပြည်သူတွေနဲ့ အားပေးတဲ့   ပရိသတ်တွေကိုလည်း ကျေးဇူတင်ရှိပါကြောင်း   ပြောကြားခဲ့ပါ တယ်။ အူဘာမီယန်ဟာ  ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့တာကြောင့်   အသက်  ၂၁ နှစ် အောက် ပြင်သစ်လူငယ် အသင်းမှာလည်း ပါဝင်ပွဲထွက်ကစားခဲ့ဖူးသူလည်း   ဖြစ်ပါ တယ်။


ငွေကြယ်