GCC ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ဆော်ဒီဘုရင်ထံမှ ဖိတ်ကြားစာ ကာတာစော်ဘွား ရရှိ

ကာတာစော်ဘွား ရှိတ်ခ်တာမင်ဘင်ဟာမက်အယ်သာနီသည် မက္ကာမြို့တော်၌ မေလ ၃၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသော ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဆော်ဒီအာရေဗျဘုရင် ဆော်လ်မန်ဘင်အဒူလာဇက်ထံမှ ဖိတ်ကြားစာတစ်စောင်ကို ယမန်နေ့က လက်ခံရရှိခဲ့ကြောင်း နိုင်ငံပိုင် ကာတာသတင်းဌာန (QNA) က ရေးသားဖော်ပြခဲ့သည်။

 

mdn

 

မက္ကာမြို့တွင်ကျင်းပမည့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အရေးပေါ်အ စည်းအဝေး တက်ရောက်ရန် ဆော်ဒီအာရေဗျဘုရင် ဆော်လ်မန်ထံမှ ရေးသားထားသော ဖိတ်ကြားလွှာကို ကာတာ စော်ဘွားက လက်ခံရရှိခဲ့သည်ဟု ကာတာသတင်းဌာန (QNA) ကဆိုသည်။ အဆိုပါ ဖိတ်ကြားလွှာကို ယမန်နေ့က ဒိုဟာမြို့တော်၌ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အတွင်းရေးမှူးချုပ် အဗ္ဗဒူလာတက်ဖ်ဘင်ရာရှစ်အယ်ဇာယာနီအား လက်ခံတွေ့ဆုံခဲ့သည့် ကာတာဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ရှိတ်ခ်မိုဟာမက်ဘင်အဒူရာမန်အယ်သာနီက ယူဆောင်ခဲ့ခြင်းဖြစ်သည်။

 

mdn

 

ယခုကဲ့သို့ဖိတ်ကြားခြင်းမှာ ဆော်ဒီအာရေးဘီးယားနိုင်ငံက အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်း၊ အီဂျစ်တို့နှင့် အတူ ၂၀၁၇ ခုနှစ်၊ ဇွန်လအတွင်း ကာတာနိုင်ငံနှင့် သံတမန်ဆက်ဆံမှုဖြတ်တောက်ပြီး နောက်ပိုင်း နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် အဆင့်မြင့်တာဝန်ရှိသူအဆင့် ထိတွေ့ဆက်ဆံခြင်းဖြစ်သည်။ ဆော်ဒီအာရေး ဘီးယားနိုင်ငံက ကာတာနိုင်ငံအပေါ် ကုန်သွယ်မှုပိတ်ပင်ခဲ့ပြီး ကာတာနိုင်ငံက အကြမ်းဖက်ဝါဒကို အားပေးနေကြောင်း စွပ်စွဲခဲ့သည်။ စွပ်စွဲချက်များအားလုံးကို ကာတာနိုင်ငံက ထပ်တလဲလဲ ငြင်းဆန်ခဲ့သည်။

ကိုးကား--ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်