အမ္မန်၊ ဩဂုတ် ၁၉
စနေနေ့တွင် အဆုံးသတ်ခဲ့သော သီတင်းတစ်ပတ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ထရပ်ကား ၁၁၈ စီး ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ဂျော်ဒန်ဟာရှီမိုက်ပရဟိတ အဖွဲ့အစည်း (ဂျေအိတ်ချ်စီအို) က ထုတ်ပြန်ကြေညာလိုက်သည်။
ဂျော်ဒန်တပ်မတော်နှင့် ဂျေအိတ်ချ်စီအိုတို့ ပူးပေါင်းထောက်ပံ့ခြင်းဖြစ်ပြီး ယင်းထောက်ပံ့ကူညီမှုတွင် အသင့်အစားအစာများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ အဝတ်အထည်များ၊ စောင်များ၊ ဆေးဝါး ထောက်ပံ့မှုများ၊ ရွက်ဖျင်တဲများ၊ မွေ့ရာများ စသည်တို့ ပါဝင်ကြောင်း သိရသည်။
ယင်းထောက်ပံ့ကူညီမှုများကို ဂါဇာကမ်းမြောင်ရှိ မိတ်ဖက်အဖွဲ့အစည်းများက ဖြန့်ဖြူးပေးသွားမည် ဖြစ်သည်။ လက်ရှိအချိန်အထိ နယ်စပ်ဖြတ်ကျော် ကုန်းလမ်းများမှတစ်ဆင့် ဂါဇာကမ်းမြောင်သို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ထရပ်ကား အစီး ၃၁၅၀ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဂျေအိတ်ချ်စီအိုအတွင်းရေးမှူးချုပ် ဟွတ်ဆိန်းရှီဘယ်က ပြောသည်။
ဆင်ဟွာ