ဒီဇင်ဘာ ၂၇
ဂျော်ဒန်နိုင်ငံတွင် ယမန်နေ့က အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၉၅ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင်း ထိုဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၃၂၈ ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်ကို နိုင်ငံပိုင်ပီထရာသတင်းအေဂျင်စီက ဖော်ပြသည်။
ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၁၄၄၇ ဦးရှိသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၁၀၅၂၈၆၈ အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း သေဆုံးသူ ၄၃ ဦးရှိလာပြီးနောက် သေဆုံးသူပေါင်း ၁၂၄၈၇ ရှိကြောင်း ၎င်းဌာနကထပ်လောင်းပြောသည်။
နိုင်ငံတစ်ဝန်းတွင် ယခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ ၄၃၁၃၆၅၇ ဦးရှိပြီး ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီးသူ ၃၈၉၁၃၆၆ ဦးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို