(၁၂-၁၁-၂၀၂၀ ရက်၊ အာမန်)
၁။ ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားနေသည့် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဂျော်ဒန်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေးမည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (Myanmar Airways International –MAI) ၏ သတ္တမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်သည် ဂျော်ဒန်နိုင်ငံ၊ အာမန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ၁၂-၁၁-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၂၁:၃၀) အချိန်ခန့်တွင် ထွက်ခွာသွားခဲ့ပါသည်။
၂။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် Century Miracle ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၄၂) ဦးနှင့် Camel and Vega ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၁၂၄) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၆) ဦး လိုက်ပါသွားကြပါသည်။
၃။ အထက်ပါ မြန်မာနိုင်ငံသား များအနက်မှ (၂၃) ဦးသည် နိုင်ငံကူး လက်မှတ် သက်တမ်းများ ကျော်လွန်နေကြသည့်အတွက် အဆင်ပြေချောမွေ့စွာ နေရပ်ပြန် နိုင်ရေးထောက်ရှု၍ သံရုံးထောက်ခံစာများကို အခမဲ့အချိန်မီ ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
#Ministry of Foreign Affairs Myanmar


