အမ္မန် ဇွန် ၁၄

 

ဂျော်ဒန်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့သည် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် ဇွန် ၁၂ ရက်က ဆွေးနွေးကြကြောင်း ဂျော်ဒန်နိုင်ငံစက်မှု၊ ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

အယ်လ်ဂျီးရီးယားနိုင်ငံမြို့တော် အယ်လ်ဂျီးယားစ်၌ အယ်လ်ဂျီးရီးယား ကုန်သွယ်ရေးနှင့် ပို့ကုန်မြှင့်တင် ရေးဝန်ကြီး ကာမယ် ရီဇင့်နှင့် တွေ့ဆုံရာတွင် ဂျော်ဒန်နိုင်ငံ စက်မှု၊ ကုန်သွယ်ရေးနှင့် ထောက်ပံ့ရေး ဝန်ကြီး ယူဆက်ဖ် ရှာမလီက ကဏ္ဍပေါင်းစုံ၌ အယ်လ်ဂျီးရီးယား နိုင်ငံနှင့်အတူ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရန် စိတ်အား ထက်သန်မှုရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ စိန်ခေါ်မှုများနှင့် ဂယက်ရိုက်ခတ်မှုများကို တုံ့ပြန်ရန် ယင်းပူးပေါင်း ဆောင်ရွက်မှု၏ အရေးပါမှုကိုလည်း ၎င်းက မီးမောင်း ထိုးပြခဲ့သည်။

 

ဂျော်ဒန်နှင့် အယ်လ်ဂျီးရီးယားနိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ၂၀၂ခုနှစ် ပထမသုံးလပတ် တွင် အမေရိကန်ဒေါ်လာ ၇၂ သန်းခန့်ရှိပြီး ၂၀၂၁ | ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၃၂သန်းရှိကြောင်း ဂျော်ဒန်နိုင်ငံ စက်မှု၊ ကုန်သွယ်ရေး နှင့် ထောက်ပံ့ရေးဝန်ကြီး ရှာမလီက ပြောကြားသည်။

 

အယ်လ်ဂျီးရီးယား ဝန်ကြီး ရီဇင့် သည် စီးပွားရေး အခွင့်အလမ်းများကို ခိုင်မာသော ပရောဂျက်များအဖြစ်ပြောင်းလဲရန် နှစ်နိုင်ငံစလုံးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအား တိုက်တွန်းထားသည်။

 

ဆင်ဟွာ