၁၁ ဖေဖော်ဝါရီ

 

ဖေဖော်ဝါရီ ၂ ရက်မှ ၇ ရက်အထိ အမေရိကန်နိုင်ငံ၌ ကျင်းပသည့် ဂေါက်ကွင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းပြပွဲသို့ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ မြန်မာနိုင်ငံဂေါက်ကွင်း ပညာရှင်များအသင်းဥက္ကဋ္ဌ  ဦးမျိုးဒန်တက်ရောက်ခဲ့သည်။

 

ယင်းအခမ်းအနားတွင် ဂေါက်ကွင်းပြုပြင်ထိန်းသိမ်းမှုများ၊ ထိန်းသိမ်းရေးစက်ပစ္စည်းများ ထုတ်လုပ်ထားမှု၊ ဂေါက်ကွင်းဆိုင်ရာ အရည်အသွေးထိန်းသိမ်းမှုများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်သည် မြန်မာ့ဂေါက်သီး အားကစားလောက တိုးတက်ဖွံ့ဖြိုးရန် ဆောင်ရွက်လျက်ရှိပြီး ဂေါက်ကွင်းများထိန်းသိမ်းခြင်းများကို ပြည်တွင်း၌ ပြန်လည်ဖြန့်ဝေပေးနိုင်ရန် တက်ရောက်ခဲ့ခြင်းလည်းဖြစ်သည်။

 

သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်