၁၄ ဖေဖော်ဝါရီ


စကော့တလန်နိုင်ငံ၌ ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အထိ ကျင်းပသည့် ဂေါက်သီးအားကစားနည်း စည်းမျဉ်းဆိုင်ရာ အစည်းအဝေးကို မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဂေါက်သီးစည်းမျဉ်းဆိုင်ရာ ဆပ်ကော်မတီ၊ ကျန်းမာရေးနှင့် တားမြစ်ဆေးဝါးဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး တက်ရောက်ခဲ့သည်။
    

ယင်းအစည်းအဝေးကို ဥရောပအခြေစိုက် The Royal & Ancient Golf Club of St Andrews ( R&A) က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဂေါက်သီးအားကစားနည်းအတွက် အဖွဲ့အစည်းအသီးသီးမှ စည်းမျဉ်းဆိုင်ရာအကြံပြုချက်များ၊ပြိုင်ပွဲတစ်ခုကျင်းပရာတွင် လိုအပ်ချက်များ၊ နည်းပညာနှင့် စည်းမျဉ်း လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။


သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်

 

123