ရန်ကုန် ၂၂ ဧပြီ
မြန်မာနိုင်ငံ ဂေါက်သီးအားကစား ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ်နှင့် R&A တို့ ပူးပေါင်းဖွင့်လှစ်သော (R&A Level-1 Rules Seminar 2019 ) ကို ယနေ့ နံနက်ပိုင်းက ကိုးမိုင် ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက်အသင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ဇာနည်ဝင်း(ငြိမ်း)နှင့် ဗဟိုကော်မတီဝင်များ သင်တန်းပို့ချမည့်နည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်က သင်တန်းအဖွင့် အမှာ စကားပြောကြားပြီး မြန်မာဂေါက်သီးရိုက်အသင်း ဥက္ကဋ္ဌဦးမြင့်ဝေ(၁)အား ဂုဏ်ပြု မှတ်တမ်းလွှာအား ပေးအပ်သည်။
အဆိုပါ သင်တန်းသို့ ဂေါက်သီးအားကစား စိတ်ပါဝင်စားသူ သင်တန်းသူ သင်တန်းသား စုစုပေါင်း ၄၀ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်သည် မြန်မာ့ဂေါက်သီးအားကစားနည်း တိုးတက်လာစေရန်အတွက် နိုင်ငံ တကာပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်း၊ ပြည်တွင်းပြိုင်ပွဲများ ကျင်းပခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်