ဇွန်လအတွင်း အိုဆာကာမြို့တော်တွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပွဲတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ပြုပြင်ပြောင်းလဲရေးကိစ္စရပ်ကို ဆွေးနွေးမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားသည်။

 

mdn

 

တနင်္ဂနွေနေ့က အော့တဝါမြို့တော်တွင် အစည်းအဝေးပွဲအပြီး ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါ နှင့်အတူပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ခု၌ အဆိုပါ မှတ်ချက်စကားများကို အာဘေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘာကုန်သွယ်ရေးအဖွဲ့သည် ဂျပန်နိုင်ငံ၏ ရေထွက်ကုန်များ တင်သွင်းမှုအပေါ် အခြားနိုင်ငံများ ပိတ်ပင်ထားမှု အပေါ် အငြင်းပွားမှုနှင့် ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံအပေါ် အခွင့်အရေးပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တားမြစ်ချက်မှာ ၂၀၁၁ခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ ဖူကူရှီးမား နျူကလီးယားဖြစ်ရပ်ဆိုး ဖြစ်ပွားပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  ပိတ်ပင်မှုမှာ မျှတမှုမရှိကြောင်း ဂျပန်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ စောဒကတက်ခဲ့ခြင်း ဖြစ်သည်။

 

mdn

 

WTO ကဲ့သို့သော အဖွဲ့အစည်းတွင် ပြဿနာပေါင်းစုံကို မဖြေရှင်းနိုင်သည့်ကိစ္စရပ်များရှိကြောင်း၊  ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ WTO အဖွဲ့ဝင်နိုင်ငံများက ၄င်းတို့၏သံသယများကို ပြောကြားခဲ့ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

 

၂၁ရာစု၏  မူဘောင်နှင့်ကိုက်ညီမည့် မူဘောင်ကို ဖန်တီးရန်နှင့် WTO ၏ အငြင်းပွားမှုများကို ဖြေရှင်းရန် အလွန်အရေးကြီးကြောင်း အာဘေးက ပြောကြားခဲ့သည်။ ဇွန်လအတွင်း ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲအတွင်း အဆိုပါ ကိစ္စရပ်များကို ဆွေးနွေးရန် ၄င်းက  ကတိပြုပြောကြားခဲ့သည်။

 

အီရန်နိုင်ငံမှ ရေနံတင်သွင်းသည့် တိုင်းပြည်များအပေါ် ပိတ်ဆို့မှုများ အဆုံးသတ်ရန်  အမေရိကန်၏ အစီအစဉ်ကို အာဘေးက မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ 

 

ဂျပန်နိုင်ငံမှာ အစဉ်အလာအားဖြင့် အီရန်နိုင်ငံ၏ မိတ်ဆွေကောင်းတစ်နိုင်ငံဖြစ်ပြီး ထိုသို့သော ချစ်ကြည်ရင်းနှီးမှုကို တည်ငြိမ်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးအတွက် အသုံးချလိုကြောင်း အာဘေးက ပြောကြားသည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်