၁၇ ဇွန်
အိုဆာကာတွင် ကျင်းပမည့် ဂျီ - ၂၀ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အမေရိကန် နှင့် ရုရှားနိုင်ငံခေါင်းဆောင်များ တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
Dmitry Peskov က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် တို့အကြား တွေ့ဆုံပွဲတစ်ခု လုပ်ဖြစ်ဖို့အလားအလာရှိသည် ဟု ယမန်နေ့က ထင်မြင်ချက် ပေးခဲ့သည်။
ဇွန်လ ၂၈ ရက် နှင့် ၂၉ ရက်နေ့တို့တွင် ကျင်းပမည့် ဂျီ -၂၀ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့စီစဉ်မည် ဖြစ်ကြောင်း Dmitry Peskov က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က အာဂျင်တီးနားတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၌ သမ္မတ ပူတင် နှင့် တွေ့ဆုံမည့်နေ့ မတိုင်မီ ထိုတွေ့ဆုံဆွေးနွေးပွဲကို သမ္မတ ထရန့် က ဖျက်သိမ်းခဲ့သည်။ ယူကရိန်းရေတပ်သင်္ဘောများကို ရုရှားကဖမ်းဆီးထားသည့် အကြောင်းပြချက်တစ်ရပ်အနေဖြင့် အမေရိကန်အစိုးရက ယင်းသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက စွက်ဖက်သည်ဟု စွပ်စွဲမှုကို အမေရိကန် အထူးကောင်စီက စုံစမ်းမှုပြီးဆုံးသွားသည့်အတွက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာရန် ရုရှားက မျှော်လင့်ကြောင်း Dmitry Peskov ၏ ပြောကြားချက်များက ညွှန်ပြနေကြောင်း လေ့လာအကဲခတ်သူများက ဆိုသည်။
ကိုကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို