ဂျီဘရော်လ်တာ အာဏာပိုင်များ က အီရန်ရေနံတင်သင်္ဘော ရေယာဉ်မှူးကို ဖမ်းဆီး

၁၂ ဇူလိုင်

 

ဗြိတိသျှနယ်မြေ ဂျီဘရော်လ်တာအာဏာပိုင်များက အီရန်အဆင့်မြင့် ရေနံတင်သင်္ဘောတစ်စင်း၏ အကြီးအကဲ နှင့် ရေယာဉ်မှူးကို ပြီးခဲ့သည့် သီတင်းပတ်က ဖမ်းဆီးခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

 

ထိုအာဏာပိုင်များက အဆိုပါ သင်္ဘောမှ အီလက်ထရွန်နစ်ပစ္စည်းများ နှင့် စာရွက်စာတမ်းများကိုလည်း သိမ်းယူခဲ့ကြကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။ နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ထိုသင်္ဘောကို ထိန်းသိမ်းထားဦးမည်ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

 

ဂျီဘရော်လ်တာသည် အိုက်ဘေးရီးယန်းကျွန်းဆွယ်၏ တောင်ဘက်အဆုံးတွင် တည်ရှိသည်။ ထိုအာဏာပိုင်များက ယင်းရေနံတင်သင်္ဘောကို ဇူလိုင် ၄ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က ထိုသင်္ဘောသည် ဆီးရီးယားသမ္မတ Bashar al-Assad အစိုးရအပေါ် ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်ကာ ဆီးရီးယားတွင် ရေနံချက်လုပ်ရန်အတွက် ရေနံစိမ်း သယ်ဆောင်လာသည် ဟု သံသယရှိကြောင်း ဖော်ပြထားသည်။

 

ထိုစွပ်စွဲချက်ကို အီရန်က ငြင်းဆိုသည်။ ယင်းသို့သင်္ဘောသားများဖမ်းဆီးမှုမှာ တရားမဝင်ကြောင်း ပြောဆိုကာ ၎င်းသင်္ဘောကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားသည်။

 

အီရန်တော်လှန်ရေး ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း လက်တုံ့ပြန်မှုလုပ်ဆောင်မည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

 

ဘာသာပြန် - မြင့်မြင့်ချို