၂၂ သြဂုတ်
ဗြိတိသျှလူမျိုး အော်စကာဆုရှင် ဒါရိုက်တာ ဒန်နီဘွိုင်းဟာ ဘွန်း၂၅ ကို ရိုက်မှာ မဟုတ်ဘူးလို့ 007 ရဲ့တရားဝင် ဝက်ဆိုက်ကနေ မနေ့က ကြေငြာလိုက်ပါတယ်။
မိုက်ကယ် ဂျီ ဝီလ်ဆင်၊ ဘာဘာရာ ဘရိုကိုလီ၊ ဒန်နီရယ် ကရေ့ခ်တို့ ၃ ဦးကလည်း ဒီနေ့ ကြေငြာချက်တစ်ခု ထုတ်ပြန်ပါတယ်။ အဲဒီကြေငြာချက်မှာ ဒန်နီဘွိုင်းက ဘွန်း၂၅ ကို “ကွဲပြားတဲ့ တီထွင်မှုတွေကြောင့်” ဆက်ရိုက်တော့မှာ မဟုတ်ဘူး ဆိုပါတယ်။
ဘွန်းရုပ်ရှင်အသစ်ကို နောက်နှစ် ၂၀၁၉ အောက်တိုဘာ ၂၅ ရက် မှာ ရုံတင်မယ်လို့ ရည်မှန်းထားပြီး အမေရိကန်မှာ ၂၀၁၉ နိုဝင်ဘာ ၈ ရက်မှာ ပြသမယ်လို့ စီစဉ်ထားပါတယ်။
အခုလို ဒါရိုက်တာ က ဆက်မရိုက်တော့ဘူးဆိုပြီး နှုတ်ထွက်သွားခြင်းကြောင့် ထုတ်လုပ်ရေးမှာ နှောင့်နှေးသွားမလားဆိုတာကို ရှင်းရှင်းလင်းလင်းမသိသေးပါဘူး။ ဒီရုပ်ရှင်ကားကို ဒီဇင်ဘာမှာ စတင် ရိုက်မယ်လို့ မျှော်လင့်ထားပါတယ်။
ဒန်နီဟာ ဘွန်းအမျိုးသမီးနဲ့ ဗီလိန်တွေကို ရွေးချယ်တာမျိုးစလုပ်နေပြီလို့ Variety မဂ္ဂဇင်းမှာ ရေးသားဖူးပါတယ်။
ဒန်နီ့နေရာမှာ ဘယ်ဒါရိုက်ကို အစားထိုးမယ်ဆိုတာ ကြေငြာခြင်းမရှိသေးပါဘူး။ ဒန်နီဘွိုင်းကို မငှားခင်မှာ Hell or High Water ဇာတ်ကား ဒါရိုက်တာ စကော့တစ် ဒါရိုက်တာ ဒေးဗစ် မက်ကင်ဆီ နှင့် Blade Runner 2049 ရိုက်ကူးသူ ဒန်နစ် ဗီလန်နူ တို့ကလည်း ဘွန်းရုပ်ရှင်ရိုက်ဖို့ စိတ်ဝင်စားတယ်လို့ ဆိုဘူးပါတယ်။
MDN
ကိုးကား- AFP