လန်ဒန် ၁ နိုဝင်ဘာ 

ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားများ၏ ပထမဆုံးသော သရုပ်ဆောင်တစ်ဦးဖြစ်သည့် ရှောင်ကွန်နရီမှာ အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း ဂျိမ်းစ်ဘွန်းရုပ်ရှင် ဇာတ်လမ်းတွဲ ထုတ်လုပ်သူများထံမှ သိရသည်။ ၁၉၆၂ ခုနှစ်မှစတင်ပြီး ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကား ဖြစ်သည့် ဒေါက်တာနိုးဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ဝင်ရောက်လာခဲ့သော ရှောင်ကွန်နရီသည် ဗြိတိန်သူလျှိုဇာတ်ကောင်စရိုက်ဖြင့် ဇာတ်ကားခုနစ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၀၀ပြည့်နှစ်တွင် သူရဲကောင်းဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။

၎င်းသည် ၁၉၇၄ ခုနှစ်တွင် ရိုက်ကူးသည့် အိုရီးယန့်ရထားပေါ်မှ လူသတ်မှုဇာတ်ကားနှင့် ၁၉၈၉ခုနှစ်တွင် ရိုက်ကူးသည့် အင်ဒီယာနာဂျုံးစ်နှင့် နောက်ဆုံး ခရူးဆိတ်ဇာတ်ကားများတွင် ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ရိုက်ကူးသည့် "The Untouchables ဇာတ်ကားတွင် ချီကာဂိုမြို့တွင် တာဝန်ထမ်းဆောင်သော ရဲဝန်ထမ်း ဂျင်မာလွန်းဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သဖြင့် အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုကို ရရှိခဲ့သည်။ 

ကိုးကား - စီအင်န်အင်န်၊ ဘာသာပြန် - စိုးသူရ