၁၁ စက်တင်ဘာ
ဂျိမ်းစ်ဘွန်းရုပ်ရှင် ဒါရိုက်တာ ဒန်နီဘွိုင်းက ဘွန်းဇာတ်ကားတွေ မရောက်တော့ဘူးလို့ နှုတ်ထွက်သွားအပြီးမှာ ဘွန်းဇာတ်ကားရဲ့ ဒါရိုက်တာအဖြစ် နောက်ဆုံးစကားတင်စာရင်းမှာ အမျိုးသမီးဒါရိုက်တာ အက်စ် ဂျေ ကလပ်စင် (SJ Clarkson) တစ်ယောက် ပါဝင်တာကို တွေ့ရှိရပါတယ်။
ကလပ်စင်ကိုသာ ဘွန်းဇာတ်ကားရိုက်ခွင့် ပေးခဲ့မယ်ဆိုရင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ရုံတင်မယ့် ဂျိမ်းစ်ဘွန်းဇာတ်ကားဟာ အမျိုးသမီးတစ်ဦး ရိုက်မယ့် ဇာတ်ကားအဖြစ် ဂျိမ်းစ်ဘွန်းသမိုင်းမှာ ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။
အက်စ် ဂျေ ကလပ်စင် ဟာ BBC ကနေထုတ်လွှင့်တဲ့ တီဗီဇာတ်လမ်းတွဲတွေဖြစ်တဲ့ Doctors၊ EastEnders ၊ Footballers’ Wives ၊ Life on Mars နဲ့ Ugly Betty တို့ကို ရိုက်ကူးခဲ့ပြီး Collateral ဇတ်လမ်းကိုလည်း လက်တလော ရိုက်ကူးခဲ့ပါတယ်။
ဗြိတိသျှလူမျိုး ကလပ်စင်မှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးတဲ့ အတွေ့အကြုံ မရှိခဲ့ပေမယ့် တီဗီဇာတ်လမ်းတွေ ရိုက်ကူးတဲ့ အတွေ့ကြုံ ကောင်းတွေရှိနေတာကတော့ မငြင်းနိင်ပါဘူး။ ကလပ်စင်ကို ဘွန်းရုပ်ရှင်ထုတ်လုပ်ရေး MGM နဲ့ Eon တို့က တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။
ကလပ်စင်ဟာ ပြီးခဲ့တဲ့ ဧပြီလက စတား ထရပ်ခ် ၄ (Star Trek 4) ရိုက်ကူးဖို့အတွက် ကမ်းလှမ်းခံခဲ့ရတဲ့အတွက် Star Trek ရုပ်ရှင်ရိုက်ကူးမယ့် ပထမဦးဆုံး အမျိုးသမီးဒါရိုက်တာ ဖြစ်ခဲ့ပါတယ်။
ကလပ်စင်နဲ့အတူ ဘွန်းဒါရိုက်တာအဖြစ် နောက်ဆုံးစကာတင်စာရင်းတင်ခံရသူတွေကတော့ ဘတ် လေတန် (Bart Layton) နဲ့ ယန်း ဒမွန့်ချ် (Yann Demange) တို့ဖြစ်ပါတယ်။
MDN