၁၇ ဇန်နဝါရီ

 

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်ရဲ့ ၄၆ ယောက်မမြောက် သမ္မတကျမ်းသစ္စာပြုပြီးနောက် တာဝန်ယူမယ့် ပထမဆုံးရက်မှာ ကပ်ရောဂါ၊ နိုင်ငံရဲ့ စီးပွားရေး၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ အမေရိကန်နိုင်ငံတွင်းက လူမျိုးရေးတရားမျှတမှုတွေနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးအမိန့် ထုတ်ပြန်သွားမယ်လို့ အိမ်ဖြူတော် အမှုဆောင်ချုပ်လောင်း ရွန်ကလိန်းက စနေနေ့က ပြောကြားပါတယ်။

 

ဘိုင်ဒင်ဟာ သမ္မတ ကျမ်းသစ္စာကျိန်မယ့် လာမယ့် ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၀)မှာ  ဆုံးဖြတ်ချက် ၁၀ ခုကျော်ကို လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း၊ သမ္မတ တာဝန်ထမ်းဆောင်တဲ့ ပထမ ၁၀ ရက်အတွင်းမှာ မြို့ကြီးလေးခုမှာ မလိုအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်ပေါ်ရေးနဲ့ ကမ္ဘာ့ဇာတ်ခုံမှာ အမေရိကန်နိုင်ငံ ပြန်လည်ရောက်ရှိအတွက်အတွက် မိန့်ခွန်းပြောကြားဖို့ရှိကြောင်း ရွန်ကလိန်က ဆက်ပြောပါတယ်။

 

ဇန်နဝါရီ ၂၀ ရက်နေ့မှာ ပဲရစ်ရာသီဥသဘောတူညီချက်မှာ ပြန်လည်ပါဝင်ရေး သဘောတူညီသွားမှာဖြစ်ပြီး မွတ်ဆလင် နိုင်ငံအချို့ကနေ အမေရိကန်နိုင်ငံကို လာရောက်ခွင့် တားမြစ်ထားတဲ့ သမ္မတထရမ့်ရဲ့ အမိန့်ကိုလည်း ပယ်ဖျက်ပေးသွားမှာ ဖြစ်ပါတယ်။

 

ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၀ ရက်နေ့) မှာ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာဆိုမယ့် နံနက်စောစောမှာ သမ္မတထရမ့်က အိမ်ဖြူတော်နဲ့ ဝေးရာကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားမယ်လို့ တာဝန်ရှိသူတစ်ဦးက သောကြာနေ့မှာ ပြောပါတယ်။

 

သမ္မတရာထူးကနေ စွန့်ခွာမယ့်သူက ဆက်ခံလာမယ့် သမ္မတ ကျမ်းသစ္စာဆိုပွဲကို တက်ရောက်ခြင်း မရှိတာဟာ နှစ်ပေါင်း ၁၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထရမ့်က လုပ်ဆောင်တာလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP