ဝါရှင်တန်၂၉ ဇန်နဝါရီ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် အမေရိကန်နှင့် ရုရှားနိုင်ငံတို့အကြား နောက်ဆုံးကျန်ရှိသည့်နျူကလီးယားလက်နက်လျှော့ချရေး သဘောတူစာချုပ်ကို သက်တမ်းတိုးရန် သဘောတူလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က ဂျိုးဘိုင်ဒင် အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှ စတင်ကာ ပထမဆုံးအကြိမ်အဖြစ်ခေါင်းဆောင်နှစ်ဦးတယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။ တယ်လီဖုန်းဆက်သွယ်မှုအတွင်း လာမည့်ဖေဖော်ဝါရီ ၅ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည့် နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်အရေး ဆွေးနွေးခဲ့ကြသည်။
၂၀၁၀ ပြည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် နျူကလီး ယားလက်နက်လျှော့ချရေး သဘောတူစာချုပ်သည် တစ်ကမ္ဘာလုံးဆိုင်ရာ လက်နက်ထိန်းချုပ်ရေး၏ အုတ်မြစ် သဖွယ်အရေးကြီးသည်ဟု နိုင်ငံတကာက သတ်မှတ်ထား သည်။
အဆိုပါစာချုပ်အရ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံ များဖြစ်သည့် အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံလုံးက ဖြန့်ကြက်နိုင်သည့် မဟာဗျူဟာကျသည့် နျူကလီးယား ဒုံးကျည်ထိပ်ဖူးများ၊ ဒုံးကျည်များနှင့် ဗုံးကြဲလေယာဉ်များ၏ အရေအတွက်ကို ကန့်သတ်ထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ