လော့စ်အိန်ဂျလိစ်  ဖေဖော်ဝါရီ  ၂၆

ကနဦးတွင် အန္တရာယ်ရှိနိုင်သည်ဟု သတ်မှတ်ထားသော ဂြိုဟ်သိမ် ၂၀၂၄  ဝိုင်အာရ် ၄ သည် ၂၀၃၂ ခုနှစ်နှင့် ယင်းနောက်ပိုင်းတွင် ကမ္ဘာကို အန္တရာယ်မပေးနိုင်တော့ကြောင်း နာဆာက အတည်ပြု ပြောကြားလိုက်သည်။

ဘောလုံးကွင်းတစ်ကွင်း အရွယ်အစားခန့်ရှိသော ကမ္ဘာနှင့် အနီးရှိ အဆိုပါဂြိုဟ်သိမ်ကို   ယမန်နှစ် ဒီဇင်ဘာလတွင်  ပထမဆုံးအကြိမ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။   ကျွမ်းကျင်သူများသည် ယခင်က   ကမ္ဘာကို ဂြိုဟ်သိမ်ဝင်တိုက်နိုင်ခြေ ၃  ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ပြီးခဲ့သည့်သီတင်းပတ်တွင်  ၀ ဒသမ ၂၈ ရာခိုင်နှုန်း သာ ရှိတော့သည်ဟု ဆိုသည်။

နာဆာ၏  နောက်ထပ်စောင့်ကြည့်လေ့လာဆန်းစစ်မှုများအရ ၂၀၃၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ဂြိုဟ်သိမ်၏သက်ရောက်မှု အလားအလာမှာ ၀  ဒသမ  ၀၀၄  ရာခိုင်နှုန်းသာရှိတော့မည်ဖြစ်ကြောင်း  ကမ္ဘာအနီး အရာဝတ္ထုလေ့လာရေးဆိုင်ရာ စင်တာက ပြောသည်။

သို့သော်လည်း လကို ရိုက်ခတ်နိုင်သည့် အလားအလာ ၁  ဒသမ ၇   ရာခိုင်နှုန်း    ရှိနေသေးကြောင်း  ဆိုသည်။  နာဆာသည်  ဂြိုဟ်သိမ် ၂၀၂၄   ဝိုင်အာရ်   ၄  နှင့်ပတ်သက်ပြီး  စောင့်ကြည့်လေ့လာမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။                 

ဆင်ဟွာ