ဂြိုလ်သိမ်တွေ အချင်းချင်းတိုက်မိရာက ဖြစ်ပေါ်လာတဲ့ အန်ဒရိုမီဒါ ဂလက်ဆီ

၁၆ ဖေဖော်ဝါရီ

 

မစ်ကီဝေး အနီးက အန်ဒရိုမီဒါ ဂလက်ဆီ ဟာ ဂြိုလ်ငယ်တွေ အချင်းချင်း ပြင်းထန်စွာ တိုက်မိရာကနေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာကြီး ဖြစ်ပေါ်ပြီးနောက်မှ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး သက်တမ်း အနေနဲ့ နှစ်သန်းသုံးထောင်ထက် မပိုဘူးလို့ ဗုဒ္ဓဟူးနေ့က သုတေသနပညာရှင်တွေက အတည်ပြုပြောကြားလိုက်ပါတယ်။ 

 

ဂြိုလ်တွေရဲ့ဖြစ်တည်မှု၊ သက်တမ်းကွာဟမှုတွေသာ သိထားပြီး ဂလက်ဆီတစ်ခုရဲ့ သက်တမ်းကို တွက်ချက်ရတာ နက္ခတ် - ရူပဗေဒပညာရှင်တွေအတွက် တကယ်စိန်ခေါ်မှု တစ်ရပ်ပါပဲ။ အဆိုပါ လေ့လာချက်ပြုလုပ်နိုင်ဖို့ ပဲရစ် နက္ခတ္တဗေဒ စောင့်ကြည့်လေ့လာသူ Francois Hammer ဦးဆောင်တဲ့ ပြင်သစ်နဲ့ တရုတ် ပညာရှင်တွေဟာ ပြင်သစ်မှာ ဖိုင်ဆိုဒ် 500-kilobyte ရှိတဲ့ ဓာတ်ပုံ နှစ်သန်းအတွက် terabyte ပမာဏရှိတဲ့ ဒေတာတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ် တွက်ချက်နိုင်မယ့်  စွမ်းအားမြင့် ကွန်ပျူတာတွေကို အသုံးပြုခဲ့ကြပါတယ်။ အဆိုပါ ကွန်ပျူတာတွေဟာ အန်ဒရိုမီဒါ ဂလက်ဆီ စတင်ဖြစ်ပေါ်မှုကနေ လက်ရှိ အနေအထားအထိ အဆင့်ဆင့် ပြောင်းလဲဖြစ်ပေါ်လာမှုတွေကို သိရှိနိုင်ဖို့ မြင်ကွင်းချဲ့ရာမှာ အကူအညီဖြစ်စေပါတယ်။ 

 

ဒါ့ပြင် ပညာရှင်တွေက မစ်ကီဝေးနဲ့ အန်ဒရိုမီဒါ ဂလက်ဆီ နှစ်ခုရဲ့ကွာခြားချက်က တစ်ချက်ဘဲ တွေ့ရတဲ့အတွက် ဒီဂလက်ဆီတွေက အမွှာတွေလားတောင် ထင်ရပါတယ်။ မစ်ကီဝေး ဂလက်ဆီမှာ ဂြိုလ်ငယ်လေးတွေဖြစ်တဲ့ ကြယ်တွေအားလုံးဟာ အလယ်ကို ဗဟိုပြုဝန်းရံ လှည်ပတ်နေခြင်းဖြစ်ပြီး အန်ဒရိုမီဒါ ဂလက်ဆီမှာတော့ တစ်ချို့ကြယ်တွေဟာ ပုံမှန်ဗဟိုပြုတဲ့ လမ်းကြောင်းတွေနဲ့ လှည့်ပတ်နေတာမဟုတ်ပါဘူး။ ပတ်လမ်းကြောင်း တစ်သမတ်တည်း မရှိရခြင်း အကြောင်းအရင်းက ဂလက်ဆီရဲ့သက်တမ်း နုသေးတာကြောင့် ဖြစ်တယ်လို့ သုတေသနအဖွဲ့က ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းတစ်သောင်းကနေ သန်းခုနစ်ထောင်အတွင်း ဂလက်ဆီနှစ်ခုရဲ့ အချက်အလက်တွေအရ အရွယ်အစား လေးဆကွာဟကြောင်းလဲ သိရပါတယ်။ 

 

အန်ဒရိုမီဒါ ဂလက်ဆီဖြစ်ပေါ်ဖို့ နှစ်ပေါင်း သန်းသုံးထောင်မှ တစ်ထောင့်ရှစ်ရာ အတောအတွင်း ဂလက်ဆီငယ်နှစ်ခု ပေါင်းစည်းခဲ့ကြတယ်လို့လဲ သိရပါတယ်။ ဂလက်ဆီနှစ်ခုလုံးမှာ ရှေ့ပြေး နဂါးငွေ့တန်းတွေ ရှိကြတယ်လို့လဲ ဆိုထားပါတယ်။ 

 

ဘာသာပြန်  > မိုးမမ
ကိုးကား > အေအက်ဖ်ပီ