ဒမတ်စကတ်၊ အောက်တိုဘာ ၁၆
ဆီးရီးယားနိုင်ငံသမ္မတ ဘာရှားအယ်လ် အာဆတ်နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့သည် ဂါဇာကမ်းမြှောင် ဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ခိုက်မှုများနှင့်စပ်လျဉ်း၍ အောက်တိုဘာ ၁၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်၍ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် သတင်းဌာန SANA က သတင်းဖော်ပြခဲ့သည်။
ဆီးရီးယားနိုင်ငံသမ္မတ ဘာရှားအယ်လ် အာဆတ်နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ချက်ချင်းပေးပို့ခြင်းနှင့်စပ်လျဉ်း၍ အလေးထားဆွေးနွေးခဲ့ပြီး အစ္စရေး၏ ပစ်ခတ်မှုအား ရပ်တန့်ရန်နှင့် ဂါဇာတွင် ပါလက်စတိုင်းများ ရွှေ့ပြောင်းနေထိုင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား အနည်းဆုံး ၂၇၅၀ သေဆုံးခဲ့ပြီး အစ္စရေးနိုင်ငံတွင်လည်း အောက်တိုဘာ ၁၅ ရက်အထိ သေဆုံးသူ အနည်းဆုံး ၁၂၈၄ ဦးရှိကြောင်း တရားဝင်ကိန်းဂဏန်း များအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်