ဂါဇာ  စက်တင်ဘာ 

 

အစ္စရေးနှင့်ဟားမားစ်တို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများပြန်လွှတ်ပေးရေး ဆွေးနွေး ညှိနှိုင်းမှုများမှာ ဟားမားစ်အဖွဲ့၏တောင်းဆိုချက်အသစ်ကြောင့် မသေချာမရေရာသည့် အခြေအနေသို့ ရောက်ရှိနေသည်။

 

အမေရိကန်နှင့် ကြားဝင်စေ့စပ်ပေးသည့် အခြားသောနိုင်ငံများသည် အပစ်အခတ်ရပ်စဲရေးအတွက် ၎င်းတို့၏အဆိုပြုချက်ကို ပြန်လည်သုံးသပ်နေကြသည်ဟု ဝါရှင်တန်ပို့စ်တွင် စက်တင်ဘာ ၇ ရက်က ဖော်ပြခဲ့သည်။

 

ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသားများ အပြန်အလှန်လွှတ်ပေးရေး တောင်းဆိုမှု အသစ်တစ်ရပ်ကို ဟားမားစ်တို့က တောင်းဆိုခဲ့သည်ဟု ဖော်ပြထားသည်။ စေ့စပ်ညှိနှိုင်းမှု၏ အဓိကအခက်အခဲမှာ အပစ်အခတ်ရပ်စဲရေးစတင်ပါက အစ္စရေးတို့သည် ဂါဇာကမ်းမြောင်ဒေသ၏ အဓိကမဟာဗျူဟာကျသော နေရာများတွင် ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ဆက်လက်ထားရှိမည်ဆိုသည့် အချက်ပင်ဖြစ်သည်။

 

အစ္စရေးဓားစာခံများ လွတ်မြောက်ရေးအတွက် ဟားမားစ်တို့နှင့် သဘောတူညီမှု စောစီးစွာ ပြုလုပ်ရန် စက်တင်ဘာ ၇ ရက်က စုဝေး တောင်းဆိုမှုများ အစ္စရေးနိုင်ငံတစ်လွှား ပေါ်ပေါက်ခဲ့သည်။ အစ္စရေးနှင့် ဟားမားစ်တို့အကြား ဖြစ်ပေါ် ခဲ့သည့် တိုက်ပွဲများကြောင့် စက်တင်ဘာ ၈ ရက် အထိ ပါလက်စတိုင်း ၄၀၉၃၉ ဦး သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်များက ပြောသည်။

 

အင်န်အိတ်ချ်ကေ