ဂျေရုဆလင် ဇန်နဝါရီ ၁၃
အစ္စရေးတာဝန်ရှိသူများနှင့် အမေရိကန်၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့မှ ညှိနှိုင်းဆွေးနွေးသူများအကြား ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေး ဆိုင်ရာ သဘောတူညီချက်မူကြမ်းကို ရရှိခဲ့ကြောင်း အစ္စရေးမီဒီယာများက ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားသည်။ အဆိုပါ သဘောတူညီချက်မူကြမ်းကို ဟားမတ်စ်အဖွဲ့ထံ ပေးပို့ထားကြောင်း သိရသည်။
ယခုကဲ့သို့ သဘောတူညီချက်ရရှိခဲ့ပါက ဂါဇာဒေသတွင် ကာလရှည်ကြာ ဖြစ်ပွားနေသည့် စစ်ပွဲ အဆုံးသတ်မည်ဖြစ်ပြီး ထိန်းသိမ်းထားသည့် ဓားစာခံများ ပြန်လည်လွတ်မြောက်မည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားသည်။
ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပနေသည့် အစ္စရေးနှင့်ဟားမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် တိုးတက်မှုများရရှိနေကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီအွန်ဆားစ်က ပြောကြားသည်။
ဂါဇာဒေသတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ ဟားမတ်စ်အဖွဲ့က တိုက်ခိုက်မှုများ စတင်ဆောင်ရွက်မှုကြောင့် အစ္စရေးနှင့် ဟားမတ်စ်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ