ဂါဇာ   ဖေဖော်ဝါရီ   ၁၉

အစ္စရေးနှင့်ဟားမားစ်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုရရှိပြီး သီတင်းပတ် များစွာကြာသည့်တိုင် ဂါဇာကမ်းမြောင် ဒေသခံအများအပြားသည် ရွက်ဖျင်တဲ သို့မဟုတ် ယာယီအိမ်ရာများ၌ ဆက်လက်နေထိုင်ကြရဆဲဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ မြင့်တက် လာသည်နှင့်အမျှ ဆိုးရွားသော စားရေရိက္ခာပြတ်လပ်မှုမှာ တဖြည်းဖြည်းလျော့နည်းလာကြောင်း၊ ဇန်နဝါရီ ၁၉ ရက်က သီတင်းခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးစတင်ပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်အထိ ဂါဇာကမ်းမြောင်သို့ ထရပ်ကားအစီးရေ ၁၇၀၀၀ ခန့် ဝင်ရောက်မှုရှိခဲ့ကြောင်း အစ္စရေး အာဏာပိုင်များက ပြောသည်။ ဟားမားစ်နှင့် အစ္စရေးတို့ကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် ဂါဇာတွင် နေအိမ် ၉၂ ရာခိုင်နှုန်းမှာ ထိခိုက်ပျက်စီးမှု သို့မဟုတ် အလုံးစုံပျက်စီးမှုဖြစ်ပွားကြောင်း ကုလသမဂ္ဂက ပြောသည်။

အင်န်အိတ်ချ်ကေ