တိုကျို   အောက်တိုဘာ   ၁၇

ဂါဇာကမ်းမြောင်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာချိန်တွင်      ဒေသခံများအတွက် အရေးပေါ်      လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုအဖြစ်    အမေရိကန်ဒေါ်လာ ၁၀  သန်း   ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အပြစ်မဲ့ပြည်သူများအတွက်     ဆေးကုသမှုများအပြင်    စားနပ်ရိက္ခာ၊  သောက်သုံးရေအပါအဝင်    ကယ်ဆယ်ရေးပစ္စည်းများ လက်ခံရရှိရန်အလို့ငှာ   ဂျပန်နိုင်ငံ အနေဖြင့်  သံတမန်ဆက်ဆံရေး ကြိုးပမ်းအားထုတ်မှုများ    ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း    နိုင်ငံခြားရေးဝန်ကြီး ကာမိကာဝါကယိုကိုက အောက်တိုဘာ ၁၇ ရက်တွင် ပြောသည်။

ဂါဇာကမ်းမြောင်ဒေသခံများအား နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့်   ထောက်ပံ့ကူညီ သွားမည်ဖြစ်ကြောင်း ကာမိကာဝါ က  ဆက်ပြောသည်။  ထို့အပြင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆိုင်ရာ    အထူးသံတမန်ဖြစ်သူ  ယူအီမူရာ ဆူကာဆာသည် အစိုးရတာဝန်ရှိသူများနှင့်   တွေ့ဆုံ ဆွေးနွေးမှုများ       ပြုလုပ်နိုင်ရန် အတွက်  အင်္ဂါနေ့မှ တနင်္ဂနွေနေ့ အထိ အီဂျစ်၊ ဂျော်ဒန်နှင့် ကာတာ နိုင်ငံတို့သို့   သွားရောက်မည်ဖြစ်ကြောင်း    ၎င်းက      ဖြည့်စွက်ပြောသည်။

အဆိုပါ အထူးသံတမန်သည် အစ္စရေးနှင့်     စစ်သွေးကြွအုပ်စု ဟားမားစ်အကြား  ပဋိပက္ခအရှိန် လျော့စေမည့်နည်းလမ်းများကို  ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။      

အင်န်အိတ်ချ်ကေ