ဂါဇာ အောက်တိုဘာ ၂၃
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးနိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း နိုင်ငံသား ၅၀၈၇ ဦး သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ အုပ်ချုပ်မှုအောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားသည်။
ထို့ပြင် အဆိုပါတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား ၁၅၂၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ယင်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း မှာပင် ဂါဇာဒေသသို့ အစ္စရေးနိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား အနည်းဆုံး ၂၆၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုသည် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့က အစ္စရေး စစ်ဘက်ပစ်မှတ်များနှင့် မြို့များကို ကြီးမားသောတိုက်ခိုက်မှုမှ အစပြုခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အစ္စရေးတွင် အနည်းဆုံး လူပေါင်း ၁၄၀၀ သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်