ဂါဇာဒေသ၌ အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သေဆုံးမှု ၃၃၄၈၂ ဦး ရှိလာ

ဧပြီ ၁၁

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးမှု ၃၃၄၈၂ ဦးရှိလာကြောင်း ဂါဇာဒေသရှိ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၂၂ ဦး သေဆုံးခဲ့ပြီး အခြား ၅၆ ဦး ဒဏ်ရာရရှိခဲ့သည်။ အစ္စရေး-ဟားမတ်စ်ပဋိပက္ခဖြစ်ပွားချိန်မှစတင်ကာ ပါလက်စတိုင်းသေဆုံးမှုပေါင်း ၃၃၄၈၂ ဦး ရှိလာပြီး  ၇၆၀၄၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနကပြောကြားသည်။ အစ္စရေးစစ်တပ်က လူနာတင်ယာဉ်နှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့များအားတားဆီးထားသဖြင့် လမ်းမများပေါ်နှင့် အကျိုးအပဲ့များအောက်တွင် ဒဏ်ရာရသူအချို့ ပိတ်မိနေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို