ဂါဇာ ဇန်နဝါရီ ၂
အောက်တိုဘာ ၇ ရက်မှစတင် ကာ အစ္စရေး-ဟားမတ်စ် ပဋိပက္ခဖြစ်ပွားပြီးနောက် ပါလက် စတိုင်း သေဆုံးသူ ၂၁၉၇၈ ဦးအထိ ရှိလာခဲ့ကြောင်း ဟားမတ်စ်အဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးစစ်ဘက်၏ တိုက်ခိုက်မှုကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်း ၁၅၆ ဦး သေဆုံးပြီး ၂၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရက်အယ်လ်ကီ ဒရာက ပြောကြားသည်။
ဝန်ထမ်း ၃၂၆ ဦး သေဆုံး
အစ္စရေး၏ တိုက်ခိုက်မှုများ ကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံ ၃၅ ရုံအနက် ဆေးရုံ ၃၀ မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၃၂၆ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် ၎င်း၏ ဝန်ထမ်းများအား ကာကွယ်ရန် နိုင်ငံတကာအဖွဲ့ အစည်းများအား တောင်းဆိုခဲ့ပြီး ပါလက်စတိုင်းနယ်မြေ၏ ဒေသ အများအပြားရှိ ကျန်းမာရေးဌာနများ ပြန်လည်စတင်ရန်အတွက် ၎င်း၏ဝန်ကြီးဌာနသည် ကုလသမဂ္ဂ အေဂျင်စီ များနှင့် ဆွေးနွေ နေပြီဖြစ်ကြောင်း အယ်လ်ကီဒရာ က ပြောကြားခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြီးမားသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆေးအဖွဲ့များစေလွှတ်ရန် လိုအပ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်