ဂါဇာ  ဒီဇင်ဘာ   ၂၇

အစ္စရေးနှင့်ဟားမားစ်တို့   ပဋိပက္ခ စတင်သည့် အောက်တိုဘာ ၇ ရက်မှစကာ ဂါဇာဒေသ၌ ပါလက်စတိုင်း    သေဆုံးသူဦးရေမှာ  ၂၀၉၁၅    ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူဦးရေမှာ  ၅၄၉၁၈  ဦး  ရှိသည်ဟု  ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ  ၂၆  ရက်တွင်  ပြောသည်။

ဒီဇင်ဘာ ၂၅ ရက်က ပါလက်စတိုင်း ၂၄၁  ဦးသေဆုံးခဲ့ပြီး ၃၈၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျန်းမာ ရေးဝန်ကြီးဌာန  ပြောရေးဆိုခွင့် ရှိသူ အက်ရှရက်ဖ်အယ် ကီဒရာ က ပြောသည်။

ဂါဇာဒေသရှိ   ဆေးရုံများနှင့် ကျန်းမာရေးဝန်ထမ်းများကို အကာအကွယ်ပေးကြရန် အပြည်ပြည် ဆိုင်ရာ   အဖွဲ့အစည်းများကို ၎င်းက တောင်းဆိုခဲ့သည်။ အလားတူ ဖျားနာနေသူများ၊ ဒဏ်ရာရရှိ သူများနှင့်  ရွှေ့ပြောင်းနေထိုင်ကြသူများကို ကာကွယ်ပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။

အစ္စရေးတို့၏   တိုက်ခိုက်မှုကြောင့်   အင်တာနက်နှင့်    ဖုန်းဝန်ဆောင်မှုအပါအဝင် လျှပ်စစ်မီးများ လည်း ပြတ်တောက်သွားကြောင်း   ဂါဇာဒေသရှိ   အဓိကဆက်သွယ်ရေး  ဝန်ဆောင်မှုပေးသည့် Paltel  က လူမှုကွန်ရက်မီဒီယာမှတစ်ဆင့်  ကြေညာခဲ့သည်။                           

ဆင်ဟွာ