ဂါဇာ  အောက်တိုဘာ  ၂၅

ဂါဇာကမ်းမြောင်ဒေသ၌    ပြီးခဲ့သည့် ၂၄ နာရီအတွင်း   နေရာ ပေါင်း ၄၀၀ ကျော်ကို   ပစ်မှတ်ထားကာ     တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးတို့က ပြောသည်။

ဂါဇာ၌  ကလေးပေါင်း ၂၇၀၀ သေဆုံးခဲ့သည်။     ပြီးခဲ့သည့် ၂၄ နာရီအတွင်း       ဂါဇာဒေသ၌  လူပေါင်း ၈၅၀   သေဆုံးခဲ့ရသည် ဟု    ဒေသတွင်းမီဒီယာများတွင်   ဖော်ပြသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေဖြစ်ပေါ်နေပြီး  ဂါဇာရှိဆေးရုံများတွင် လျှပ်စစ်မီး    မရရှိသည့်အတွက် ဒဏ်ရာရရှိသူ လူနာများကို ကုသပေးနိုင်ခြင်းမရှိချေ။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသ၌    ပါလက်စတိုင်း သေဆုံးသူပေါင်း  ၆၅၄၆  ဦးအထိရှိလာကြောင်း ဟားမားစ်ကျန်းမာရေးဝန်ကြီးဌာန  အောက်တိုဘာ ၂၅ ရက်က ဖော်ပြခဲ့သည်။

အောက်တိုဘာ   ၂၅   ရက် ညပိုင်းရောက်လျှင် မီးစက်မောင်းရန် စက်သုံးဆီများပြတ်တောက် တော့မည်ဟု   ပါလက်စတိုင်းဒုက္ခသည်များ  ထောက်ပံ့ပေးရေး ကုလအေဂျင်စီက ပြောသည်။

ရွေးချယ်စရာမရှိတော့ဘဲ ဂါဇာဒေသတွင်     ၎င်းတို့အဖွဲ့အစည်း  အလုပ်လုပ်ကိုင်နေမှုကို ရပ်တန့်ရတော့မည်ဟု    ပြောသည်။

အစ္စရေးသည်    ဂါဇာဒေသသို့ လောင်စာဖြတ်တောက်ထားသည်။   အစ္စရေးတွင်   လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး ၂၂၀ ကို    ဟားမားစ်တို့က   ဓားစာခံအဖြစ်      ဖမ်းဆီးထားဆဲဖြစ်သည်။

ထိုစဉ် အရှေ့အလယ်ပိုင်းဒေသသို့  ပဋိပက္ခများ ကူးစက်ပျံ့နှံ့လာမည်ကို  အမေရိကန်က  စိုးရိမ် နေရသည်။                 

ဆင်ဟွာ