၁၃ နိုဝင်ဘာ

 

အစ္စရေး ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရပြီးနောက် ဂါဇာကမ်းမြောင် ဒေသတွင် အစ္စရေး တပ်ဖွဲ့များနှင့် ပါလက်စတိုင်း စစ်သွေးကြွအုပ်စုတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

အစ္စရေးတို့က ပါလက်စတိုင်း ပိုင်နက်ကို ယမန်နေ့က လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

 

စစ်သွေးကြွအုပ်စုသည် လက်တုံ့ပြန်သည့် အနေဖြင့် ယခုထိ ဒုံးကျည် ၁၉၀ ကို ပစ်လွှတ်ခဲ့ပြီး ဖြစ်သည်။

 

အစ္စရေး ဒုံးကျည်ကာကွယ်ရေး စနစ်ဖြင့် ထိုဒုံးကျည် အများစုကို ကြားဖြတ်တိုက်ခဲ့သည်။

 

အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဘက်တွင် တိုက်လေယာဉ်ငါးစင်းနှင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။

 

အဆိုပါ စစ်ရေးလှုပ်ရှားမှုကို အချိန်ယူ လုပ်ဆောင်ရမည် ဖြစ်ကြောင်းနှင့် စိတ်ရှည်ရှည်ထားရန် လိုအပ်ကြောင်း  အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု က ယမန်နေ့က ပြောကြားခဲ့သည်။

 

နေတန်ယာဟုသည် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့ပေ။

 

နေတန်ယာဟုသည် ၎င်းအာဏာတည်မြဲစေရန် အတိုက်အခံပါတီများ ပါဝင်သည့် စည်းလုံးသော ဝန်ကြီးအဖွဲ့တစ်ဖွဲ့ ထူထောင်ရန် ကြိုးစားနေသည်ဟု ဒေသခံမီဒီယာအချို့က ဆိုသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို