နယူးယောက် မတ် ၁၉
ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်မည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ပြောကြားသည်။
ဂါဇာဒေသတွင် အစ္စရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ဆောင်ရွက်ပြီးနောက် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ဂါဇာဒေသရှိ ဒေသခံများသည် အစ္စရေး တပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုများကြောင့် အများအပြားသေဆုံးနေသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက မျက်မြင်တွေ့ရှိနေရကြောင်း ၎င်းကပြောကြားသည်။ ကုလသမဂ္ဂ၏တာဝန်မှာ ၎င်းလက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်သည့် အဖွဲ့အစည်းများ အပစ်အခတ်ရပ်စဲရေးကို လေးစား လိုက်နာဆောင်ရွက်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပစ္စည်းများကို ဂါဇာဒေသသို့ ဝင်ရောက်ခွင့်ပြုရေးနှင့် ဓားစာခံများ ပြန်လွှတ်ပေးရေးတို့ကို ဆောင်ရွက်မည်ဟု ဂူတာရပ်စ်က ပြောကြားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ