ဂျေရုဆလင်၊ မေ ၂၁
ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းသို့ အစ္စရေး ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ဒေသခံ ၃၁ ဦးသေဆုံးကြောင်း ယမန်နေ့ဆင်ဟွာ သတင်းအရသိရသည်။
ယင်းဖြစ်စဉ်အတွင်း သေဆုံးသူများတွင် ကလေးများနှင့် အမျိုးသမီးများပါဝင်ပြီး ဒဏ်ရာရရှိ သူများကို ဆေးရုံသို့တင်ပို့ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။
ဂါဇာတောင်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများအတွင်း အစ္စရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိကြောင်း အစ္စရေးတပ်ဖွဲ့က ပြောကြားသည်။ ယမန်နှစ်အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဟားမတ်စ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုအပြီး အစ္စရေးက ဂါဇာဒေသတွင် တိုက်ခိုက်မှုများ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ဂါဇာဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဒေသခံ ၃၅၃၈၆ ဦး သေဆုံးပြီး ၇၉၃၆၆ ဦး ဒဏ်ရာရရှိကြောင်း ကျန်းမာရေးတာဝန် ရှိသူများက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ