ဂျေရုဆလင်   ဒီဇင်ဘာ   ၁၂

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ  အခြေအနေ များနှင့်ပတ်သက်၍  ရုရှားသမ္မတ ဗလာ ဒီမာပူတင်နှင့်   အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့အကြား  တယ်လီဖုန်း ဖြင့် ဆွေးနွေးခဲ့ကြကြောင်း ကရင်မလင် နန်းတော်က   ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“၎င်းဆွေးနွေးမှုအတွင်း    ပါလက် စတိုင်း-အစ္စရေး   ပဋိပက္ခဇုန်အတွင်းရှိ အခြေအနေနှင့်  ဂါဇာဒေသရှိ လူသားချင်း စာနာမှုအခြေအနေများကို   အဓိကထား ဆွေးနွေးခဲ့သည်” ဟု    ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။

ဂါဇာဒေသရှိ    အရပ်သားများ၏ အခက်အခဲများကို   လျော့ပါးသက်သာ စေရန်နှင့်   ပဋိပက္ခအရှိန် လျော့ကျစေရန်အတွက်    အကူအညီများအားလုံးကို ပံ့ပိုးပေးရန် ရုရှားက အဆင်သင့်ရှိကြောင်း ကရင်မလင်က ပြောကြားသည်။

ဂါဇာဒေသရှိ ရုရှားနိုင်ငံသားများနှင့် ၎င်းတို့၏ မိသားစုများကို ကယ်တင်ရွှေ့ ပြောင်းပေးရေးအပြင် ဂါဇာတွင် ထိန်းသိမ်း ခံထားရသော အစ္စရေးနိုင်ငံသားများ လွှတ်ပေးရေးတို့အပေါ်တွင်လည်း အစ္စရေးနှင့် ရုရှားနိုင်ငံအကြား အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။      

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ