အောက်တိုဘာ ၂၉
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူဦးရေ ၄၃၀၀၀ ကျော်ရှိလာကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်ထား သည်။
လွန်ခဲ့သော၄၈ နာရီအတွင်း ဂါဇာဒေသတွင် အစ္စရေးတပ်မတော်၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၉၆ ဦး သေဆုံးပြီး အခြား ၂၇၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သော ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားမှုကြောင့် ပါလက်စတိုင်းသေဆုံးသူပေါင်း ၄၃၀၂၀ ရှိလာပြီး ၁၀၁၁၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လူနာတင်ကားများနှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့များဝင်ရောက်ရန်ခက်ခဲသော အဆောက်အဦ အကျိုးအပဲ့များအောက် တွင်ပိတ်မိနေသူများရှိနေသေးကြောင်းသိရသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များက ဂါဇာဒေသတောင်ပိုင်းနှင့်အလယ်ပိုင်းတို့ကို ပစ်မှတ်ထားတိုက်ခိုက် ခဲ့ရာ လက်နက်ကိုင်စစ်သွေးကြွများ သေဆုံးခဲ့သည်။
ဂါဇာဒေသမြောက်ပိုင်း ဂျာဗလီရာဒေသရှိ ကာမဲလ်ဆေးရုံ စစ်ဆင်ရေးအတွင်းစစ်သွေးကြွ ၁၀၀ ခန့် ဖမ်းဆီးရမိခဲ့သည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။ ထိုဆေးရုံအတွင်း လက်နက်များ၊ ငွေကြေးများနှင့် စာရွက်စာတမ်းများ တွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းနယ်စပ်ကို ဟားမတ်စ်တို့တိုက်ခိုက်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာဒေသရှိ ဟားမတ်စ်တို့အား ပြင်းထန်သောတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို