ဂါဇာ   ဇွန်   ၉

အမေရိကန်ကျောထောက်နောက်ခံပေးထားသည့်  ကူညီကယ်ဆယ်ရေးပစ္စည်း ဖြန့်ဖြူးရေးစင်တာ များအနီး၌    အစ္စရေး ၏ လွန်ခဲ့သော လနှောင်းပိုင်းမှ  ယနေ့အချိန်အထိ တိုက်ခိုက်မှုများအတွင်း လူ ၁၁၅ ဦး သေဆုံးခဲ့သည်ဟု ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးအာဏာပိုင်များက ဇွန် ၈ ရက်က ပြောကြားလိုက်သည်။

စားရေရိက္ခာဆိုးရွားစွာ ပြတ်လပ်နေချိန်တွင် ဂါဇာလူသားချင်းစာနာထောက် ထားမှုဖောင်ဒေးရှင်းက မေ ၂၇ ရက်တွင် စားရေရိက္ခာများ   စတင်ဖြန့်ဝေပေးခဲ့သည်။   အစ္စရေးက ကုလသမဂ္ဂဦးဆောင်     အကူအညီပေးမှုများကို ကန့်သတ်တားမြစ်ထားသည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ များသည် စားရေရိက္ခာဖြန့်ဖြူးရေးနေရာများသို့ ဦးတည်သွားနေသည့်  ဒေသခံများကို ပစ်ခတ်မှုကြောင့် နေ့စဉ်နှင့်အမျှအသေအပျောက်များခဲ့ကြောင်း သိရသည်။

ဂါဇာလူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်းက ဇွန်  ၉  ရက်တွင် စားရေရိက္ခာများ   ဆက်လက်ဖြန့်ဝေခဲ့သည်။ ဂါဇာအလယ်ပိုင်းရှိ ကယ်ဆယ်ရေးစခန်းတစ်ခုအနီးတွင် အစ္စရေး ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသမီဒီယာများက ဇွန် ၉ ရက်တွင် ဖော်ပြခဲ့သည်။

အစ္စရေးတပ်ဖွဲ့များသည် ဟားမားစ်အဖွဲ့များကို ဖိအားဆက်လက်ပေးလျက်ရှိသည်။ လွန်ခဲ့သော လက လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည့် အစ္စလာမ္မစ်အဖွဲ့၏ ထိပ်တန်းစစ် ခေါင်းဆောင်၏ ရုပ်အလောင်းကို ၎င်းတို့က အတည်ပြုခဲ့သည်။  ထို့အတူ ဆွီဒင် သဘာဝ ပတ်ဝန်းကျင်   ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူ ဂရီတာသွန်းဘတ်ချ်ကို တင်ဆောင်လာသည့် အစားအသောက်၊ ဆေးဝါးနှင့် တခြားအကူအညီများပေးမည့် ရေယာဉ်ကို ဂါဇာကမ်းမြောင်သို့ မရောက်စေရန် အစ္စရေးတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းလွန်ရေပြင်ကို အစ္စရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသည်။ အဆိုပါရေယာဉ်ကို   ပိုင်နက်ထဲမဝင်နိုင်အောင် တားဆီးရန် ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ညွှန်ကြားထား ကြောင်း သိရသည်။                  

အင်န်အိတ်ချ်ကေ