ဖေဖော်ဝါရီ ၆
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသားသေဆုံးမှု ၂၅၄၇၈ ဦးအထိရှိလာကြောင်း ဟားမတ်စ်အဖွဲ့၏ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ဂါဇာဒေသတွင် အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား ၁၁၃ ဦးထက်မနည်းသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၇၄၇၈ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနကဖော်ပြထားသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေး- ဟားမတ်စ်တို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒဏ်ရာရရှိသူ ၆၆၈၃၅ ဦး အထိရှိလာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။ အစ္စရေးတို့၏ဗုံးကြဲတိုက်ခိုက်မှုပြင်းထန်ခြင်းနှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့နှင့်လူနာတင်ကားအဖွဲ့တို့ မဝင်ရောက်နိုင်ခြင်း တို့ကြောင့် စစ်ဘေးသင့်သူများသည် အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ထပ်လောင်းပြောသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို