ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁၅ ဦးထက်မနည်းသေဆုံး

ဧပြီ ၂၉

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း ရာဖာမြို့တွင် အရပ်သားများ၏နေအိမ်သုံးလုံးအား အစ္စရေးက လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ယမန်နေ့ညပိုင်းက ပါလက်စတိုင်း ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယနေ့တွင်ဖော်ပြထားသည်။ အခြားလူအများအပြားသည် အဆောက်အဦးအကျိုးအပဲများအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်းနှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့များက ၎င်းတို့ကိုကယ်ဆယ်ရန် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၆ ဦး သေဆုံးပြီး အခြား ၁၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သော အစ္စရေး-ပါလက်စတိုင်းပဋိပက္ခဖြစ်ပွားမှုကြောင့် ပါလက်စတိုင်းသေဆုံးမှုပေါင်း ၃၄၄၅၄ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၇၇၅၇၅ ဦး ရှိလာကြောင်း ဟားမတ်စ်အဖွဲ့၏ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို