ဂါဇာ၊ ဇန်နဝါရီ   ၇

 

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူ ဦးရေသည် ဇန်နဝါရီ ၆ ရက်အထိ ၂၂၇၂၂ ဦးအထိ ရှိလာခဲ့ကြောင်း   ဂါဇာအခြေစိုက်  ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ  ၆ ရက်တွင် ပြောကြားခဲ့သည်။

 

အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပါလက်စတိုင်း ၁၂၂ ဦး သေဆုံး ပြီး ၂၅၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

၂၀၂၃ ခုနှစ်   အောက်တိုဘာ ၇ ရက်မှ စတင်၍ အစ္စရေးနှင့် ဟားမတ်စ်တို့၏ အပြန်အလှန် တိုက်ခိုက်မှုကြောင့် စုစုပေါင်းသေဆုံးသူ ၂၂၇၂၂ ဦးနှင့် ဒဏ်ရာရရှိသူ ၅၈၁၆၆ ဦး ရှိလာကြောင်း သိရသည်။

 

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက ဂါဇာမြို့တော်၏ ဒေသတစ်ခုကို ၎င်းတို့၏တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ အဗီချေးအက်ဒယီက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-အလင်းသစ်