ကိုင်ရို၊ ဖေဖော်ဝါရီ  ၂၅

လက်ရှိတွင် အစ္စရေးတပ်ဖွဲ့၏ ဝိုင်းဝန်းပိတ်ဆို့ခံရမှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ခံနေရသော ဂါဇာကမ်းမြောင်၌     ပစ်ခတ်မှုရပ်စဲရေးနှင့်ပတ်သက်ပြီး သဘောတူညီမှုရရှိရန် ကာတာနှင့်အီဂျစ်နိုင်ငံတို့၌ ဆွေးနွေးမှုနှစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံမှ Al-Qahera သတင်းဌာနက ဖေဖော်ဝါရီ  ၂၅ ရက်တွင် အစီရင်ခံ ဖော်ပြခဲ့သည်။

အီဂျစ်၊ ကာတာ၊ အမေရိကန်နှင့် အစ္စရေးတို့မှ အထူးပုဂ္ဂိုလ်များအပြင် ဟားမားစ် လှုပ်ရှားမှု ကိုယ်စားလှယ်အဖွဲ့တို့ဖြင့် ဒိုဟာနှင့် ကိုင်ရိုမြို့တို့၌   ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ   ဆွေးနွေးညှိနှိုင်းမှုက ပါလက်စတိုင်းအကျဉ်းသားများနှင့် အစ္စရေးဓားစာခံများ လဲလှယ်မှုနှင့်အတူ ဂါဇာကမ်းမြောင်၌ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် သဘောတူညီမှု ရယူနိုင်ဖွယ်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက် နောက်ပိုင်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း၂၉၆၉၂ဦး သေဆုံးပြီး အခြား ၆၉၈၇၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်၏ ဖေဖော်ဝါရီ ၂၅ရက်တွင် ထုတ်ပြန် သောနောက်ဆုံး အချက်အလက်များအရ သိရသည်။

နောက်ဆုံး ထွက်ပေါ်လာသော သတင်းများအရ အစ္စရေးနှင့် ညှိနှိုင်းဆွေးနွေးသူများသည် ဓားစာခံများ လဲလှယ်ရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အဆိုပြုချက်ကို သဘောတူလိုက်ကြောင်းသိရသည်။ အမေရိကန်နှင့် ကာတာအပါအဝင် အစ္စရေးကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးသူများသည် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဖေဖော်ဝါရီ ၂၃ ရက်က စတင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 ဆင်ဟွာ