ဂျေရုဆလင်၊ မေ ၁၂
ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း သေဆုံးသူဦးရေ ၃၅၀၀၀ ကျော်ရှိခဲ့ကြောင်း ဂါဇာရှိ ကျန်းမာရေးအာဏာပိုင်များက မေ ၁၂ ရက်တွင်ပြောကြားသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးတပ်မတော်၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၃ ဦး သေဆုံးပြီး ၁၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ စုစုပေါင်းသေဆုံးသူ ၃၅၀၃၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၈၇၅၅ ဦးရှိခဲ့ကြောင်း အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြထားသည်။
သေဆုံးသူအများအပြားသည် အပျက်အစီးများအောက်တွင် ရှိနေဆဲဖြစ်ပြီး လူနာတင်ယာဉ်နှင့် အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ထံကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မရောက်ရှိနိုင်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းနယ်စပ်တွင် ဟားမတ်စ်အဖွဲ့၏ ကြီးမားသော ထိုးစစ်ဆင်မှုကြောင့် လူပေါင်း ၁၂၀၀ ခန့် သေဆုံးကာ ၂၅၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါလုပ်ရပ်ကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေး တပ်မတော်သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်အဖွဲ့ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်