မေ ၁၄

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၅၀၉၁ ဦး ရှိလာကြောင်း ဂါဇာရှိကျန်းမာရေးအာဏာပိုင်များက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၅၇ ဦး သေဆုံးပြီး အခြား ၈၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ပါလက်စတိုင်း-အစ္စရေးပဋိပက္ခဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူပေါင်း ၇၈၈၂၇ ဦး၊ သေဆုံးသူပေါင်း ၃၅၀၉၁ ဦး ရှိလာသည်။ လူနာတင်ယာဉ်နှင့်အရပ်ဘက်ကာကွယ်ရေးအဖွဲ့များက ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် ဗုံးကြဲ တိုက်ခိုက်ခံရမှုများကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် အပျက်အစီးများအောက်တွင် ရှိနေဆဲဖြစ်သည်။  အစ္စရေးတောင်ပိုင်းနယ်စပ်ကို ဟားမတ်စ်အဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂၀၀ ခန့် သေဆုံးပြီး ၂၅၀ နီးပါး ဓားစာခံအဖြစ်ဖမ်းဆီးခံရသဖြင့် အစ္စရေးတို့က လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့ကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို