ဂါဇာကမ်းမြောင်တွင် အစ္စရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၅၄၅၆ ဦး သေဆုံးမှုရှိလာ

မေ ၂၀

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူ ၃၅၄၅၆ ဦး ရှိလာကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇၀ သေဆုံးပြီး အခြား ၁၁၀ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းသေဆုံးသူပေါင်း ၃၅၄၅၆ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၇၉၄၇၆ ဦး ရှိလာကြောင်း ဖော်ပြထားသည်။ ယမန်နှစ် အောက်တိုဘာလ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်တို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂၀၀ ခန့်သေဆုံးပြီး ၂၅၀ နီးပါး ဓားစာခံအဖြစ် ဖမ်းဆီးခံရသဖြင့် အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့အား လက်တုံ့ပြန်တိုက်ခိုက်မှုမှုများပြင်းပြင်းထန်ထန်ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို