ဂျေရုဆလင် အောက်တိုဘာ ၁၆

အစ္စရေးစစ်တပ်က  ဟားမားစ်ကို မြေပြင်ထိုးစစ်ဆင်နေသောကြောင့်ဂါဇာကမ်းမြောင်နှင့်အီဂျစ်နိုင်ငံ အကြား   လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ဖွင့်လှစ်ရန် နိုင်ငံအများအပြားက   စီစဉ် ဆောင်ရွက်လျက်ရှိသည်။

အစ္စရေးတပ်ဖွဲ့များနှင့်     အစ္စလာမ္မစ်အုပ်စုတို့အကြား တိုက်ပွဲများ   ဆက်လက်ဖြစ်ပွားနေခြင်းကြောင့်    ပါလက်စတိုင်း   နယ်မြေအတွင်းလူသားချင်းစာနာ  ထောက်ထားမှုဆိုင်ရာ  အကျပ်အတည်းသည်   ပိုမို နက်ရှိုင်းလာလျက်ရှိသည်။  ပဋိပက္ခတွင် အနည်းဆုံးလူ ၂၇၅၀ သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင် ဒေသရှိ   ကျန်းမာရေးအာဏာပိုင်များက     ပြောကြားလိုက်ပြီး    အစ္စရေး ဘက်ခြမ်းတွင်လည်း သေဆုံးသူ ဦးရေ    ၁၄၀၀ ကျော်သွားပြီဖြစ်သည်။ လွန်ခဲ့သည့်  ရက်သတ္တပတ်အတွင်း   ဂါဇာကမ်းမြောင်ဒေသတွင်     လူတစ်သန်းခန့်       အိုးအိမ်စွန့်ခွာ      ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ    အစ္စရေး၏ ရည်မှန်းချက်သည်     ဟာမားစ်များကို  ဖြိုခွင်းရန်ဖြစ်ပြီး ပါလက်စတိုင်းအရပ်သားများကို   တိုက်ခိုက်နေခြင်းမဟုတ်ကြောင်း   အောက်တိုဘာ       ၁၅   ရက်က ပြောကြားထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် အောက်တိုဘာ  ၁၆  ရက်က အစ္စရေးနိုင်ငံသို့    ထပ်မံရောက်ရှိလာပြီး           အရပ်သားများကို ဘေးလွတ်ရာရွှေ့ပြောင်းရန်နှင့် အီဂျစ်နိုင်ငံမှ       အကူအညီများ ပေးပို့ရန်     လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်းဖွင့်လှစ်ရေး     ဆွေးနွေး မည်ဟု မျှော်လင့်ရသည်။

အစ္စရေး၏   မြေပြင်စစ်ဆင်ရေးများ    အရှိန်မြှင့်လာသည်နှင့်အမျှ    နိုင်ငံများသည်    အရပ်သား သေဆုံးမှု အနည်းဆုံးဖြစ်အောင်   အတတ်နိုင်ဆုံး    ကြိုးပမ်းနေကြသည်။          

အင်န်အိတ်ချ်ကေ