၂၃ ဇန်နဝါရီ

 

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသတွင် မငြိမ်မသက်ဖြစ်လျှင် တိုက်ခိုက်မှုမြှင့်တင်ရန် အသင့်ပြင်ဆင်ထားကြောင်း   ယမန်နေ့ညပိုင်းက သတိပေးပြောကြားခဲ့သည်။

 

ဂါဇာကမ်းမြောင် မြောက်ပိုင်းတွင် အစ္စရေးစစ်တပ် ဂျက်လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှု အများအပြားလုပ်ဆောင်ခဲ့ရာ အသက်၂၄ နှစ်အရွယ် ဟားမတ်စ် စစ်သွေးကြွတစ်ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာရရှိခဲ့သည်။

 

အစ္စရေးနှင့် ပါလက်စတိုင်း နယ်မြေအကြား ခြံစည်းရိုးတစ်လျှောက် ပစ်ခတ်မှုအများအပြား ဖြစ်ပွားခဲ့ရာ တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

ထိုဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ တိုက်ခိုက်မှုတစ်ခုတွင် တာဝန်ရှိသူတစ်ဦး၏ သံခမောက်ကို ကျည်ဆံထိမှန်ခဲ့ကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ထားသည်။

 

အစ္စရေးစစ်တပ်ဖွဲ့က တစ်နေကုန် တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို