ဂါဇာတွင် ပါလက်စတိုင်း သေဆုံးသူ ၃၂၃၃၃ ဦးအထိ မြင့်တက်လာ

ဂါဇာ၊ မတ် ၂၆

အစ္စရေး၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်းသေဆုံးသူ   အရေအတွက်မှာ   ၃၂၃၃၃ ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက မတ် ၂၅ ရက်တွင် ပြောသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၀၇ ဦး သေဆုံးပြီး အခြား ၁၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အစ္စရေး-ဟားမားစ် ပဋိပက္ခ စတင်ဖြစ်ပွားသည့် ယမန်နှစ် အောက်တိုဘာ ၇ ရက် နောက်ပိုင်း ပါလက်စတိုင်းသေဆုံးသူ အရေအတွက်မှာ ၃၂၃၃၃ ဦးနှင့် အခြားထိခိုက်ဒဏ်ရာရရှိသူ ၇၄၆၉၄ ဦးအထိ မြင့်တက်လာခြင်း ဖြစ်သည်။

ဆင်ဟွာ