ဂျကာတာ ၃၀ စက်တင်ဘာ

ဂျကာတာမြို့တော်က ကိုဗစ်-၁၉ ရောဂါလူနာတွေရဲ့ ထက်ဝက်နီးပါးက ရောဂါလက္ခဏာမပြသူတွေ ဖြစ်တယ်လို့ ဂျကာတာကျန်းမာရေးအေဂျင်စီက ပြောပါတယ်။

 

ဂျကာတာမြို့တော်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတွေရဲ့ ၄၅ ရာခိုင်နှုန်းဝန်းကျင်က ရောဂါ လက္ခဏာမပြသူတွေလို့ အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဖီဖီမူလ်ယာနီက ပြောပါတယ်။

 

“အတည်ပြုလူနာ ၄၀ ရာခိုင်နှုန်းက ရောဂါလက္ခဏာ အနည်းငယ်ပြသူတွေဖြစ်ပြီး ၁၅ ရာခိုင်နှုန်းက ပြင်းထန်တဲ့ ရောဂါလက္ခဏာပြသသူတွေ ဖြစ်ပါတယ်” လို့ ဖီဖီက ပြောပါတယ်။

 

ဂျကာတာမြို့တော် အုပ်ချုပ်ရေးအာဏာပိုင်တွေအတွက် ရောဂါလက္ခဏာမပြတဲ့  ကူးစက်မှုတွေ ခြေရာခံရာမှာ အခက်အခဲရှိတယ်လို့ ၄င်းက ဝန်ခံခဲ့ပါတယ်။

 

ရောဂါလက္ခဏာမပြသူတွေအတွက် ကွာရန်တင်းစင်တာများ ပိုပြီးတည်ဆောက်ဖို့ ဂျကာတာမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဗဟိုအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။

 

ဂျကာတာမြို့တော် အုပ်ချုပ်ရေးအဖွဲ့က အဆိုပြုထားတဲ့ ကွာရန်တင်းစင်တာတွေကို ဂျကာတာမြို့ တော်မြောက်ပိုင်းက အိုင်ဘစ်စတိုင်လ်ဟိုတယ်နဲ့ ဂျကာတာမြို့တော်အနောက်ပိုင်းက အူစတေးဟိုတယ်တွေ ပါဝင်ပါတယ်။

 

အိုင်ဘစ်စတိုင်လ်ဟိုတယ်က ဂျကာတာအလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းက ကိုဗစ်-၁၉ လူနာ ၂၁၂ ဦး လက်ခံထားရှိနိုင်ပြီး အူစတေးဟိုတယ်က ဂျကာတာမြို့အနောက်ပိုင်းနှင့်တောင်ပိုင်းက လူနာ ၁၄၀ ဦး ထားရှိနိုင်မှာဖြစ်ပါတယ်။

 

ဂျကာတာမြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ အဆိုအရ ကိုဗစ်-၁၉ လူနာတွေအတွက် ဂျကာတာမြို့တော်မှာ ကွာရန်တင်းစင်တာသုံးခု တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

 

စက်တင်ဘာလ ၂၉ ရက်အထိ ဂျကာတာမြို့မှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုကူးစက်လူနာ ၇၂၅၇၇ ဦး၊ ပိုးကင်းစင်လူနာ ၅၈၇၇၅ ဦးနှင့် သေဆုံးသူ ၁၇၁၆ ဦးရှိတယ်လို့ သိရပါတယ်။

--ကိုးကား--ဂျကာတာပို့စ်

Ref; Almost half of Jakarta's Covid-19 patients asymptomatic: Health agency