၄ စက်တင်ဘာ
ဂျက်စတင်ဘီဘာဟာသူ့ချစ်သူ ဟေးလီ အတွက်နဲ့အလုပ်ရှုပ်နေသလို တဖက်မှာလည်းစတူဒီယိုမှာ အသံသွင်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ဂျက်စတင်ဘီဘာဟာ စတူဒီယိုမှာ အသံသွင်းမှုတွေနဲ့အလုပ်ရှုပ်နေတယ်လို့သိရပါတယ်။
လက်ထပ်ပွဲအချစ်ရေးကိစ္စတွေနဲ့အလုပ်ရှုပ်နေပေမယ့် ဂျက်စတင်ဟာ သီချင်းရေးစပ်သီဆိုတာကိုတော့ ပစ်မထားပါဘူး။ သူ့ရဲ့ဂီတအလုပ်တွေကိုဆက်လက်လုပ်ကိုင် နေဆဲပါ။ သူ့ရဲ့ပရိတ်သတ်တွေကတော့ သီချင်းအယ်ဘမ်အသစ် ထွက်ရှိမယ့်နေ့ကိုစိတ်ဝင်စားနေကြပြီးအသစ်ထွက်ရှိမယ့်အယ်ဘမ်အသစ်ကတော့အားလုံးအတွက်ထူးခြားအံသြမှုရရှိစေလိမ့်မယ်လို့ယူဆရပါတယ်။
ဂျက်စတင်ဘီဘာကိုတိုင်လည်း အယ်ဘမ်အသစ်ထွက်ရှိမယ့်နေ့ကိုမပြောနိုင်သေးပေမယ့် အားလုံးအတွက် ထူးခြားမှုတစ်ခုဖြစ်စေဖို့ရည်ရွယ်ထားပါတယ်။ဘီယွန်စေးလ်နဲ့ အီမီနမ်တို့ပဲ ဂျက်စတင်ဘီဘာဟာသူ့ရဲ့အယ်ဘမ်အသစ်မှာ ထူးခြားမှုတွေကိုမျှော်လင့်ထားပါတယ်။ ဂျက်စတင်ဘီဘာဟာ ဟေးလီနဲ့စေ့စပ်ထားပေမယ့် လက်ထပ်မယ့်နေ့ကိုတော့အသိပေးကြေငြာထားခြင်းမရှိသေးပါဘူး။
ဟောလိဝုဒ်လိုက်ဖ်