(၄၄)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွ-ဖောင်တော် ဆိပ်ကမ်းမှ ချောင်းတစ်ဖက်ကမ်းရှိ မကျေးငူဆိပ်ကမ်းသို့ ခရီးသည်တင် ပြေးဆွဲနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဂွမြို့နယ် စည်ပင်သာယာသို့ လွှဲပြောင်းပေးအပ်ထားသော အလျား ၈၂ ပေ ၁၀ လက်မ၊ အနံ ၁၉ ပေ ၄လက်မ၊ အမြင့် ၅ ပေနှင့် အလေးချိန် ၄၂.၉၂တန် ရှိ ကူးတို့ ဇက်ရေယာဉ် ဖွင့်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်နာခြင်းများကို ယနေ့နံနက်(၆)နာရီတွင် ဖောင်တော်ဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ယခင်က ချောင်းကို စက်လှေကူးတို့ဖြင့် ခက်ခဲစွာသွားလာနေရာမှ ယခုလို အန္တရာယ်ကင်းသည့် ဇက်ရေယာဉ်ကူးတို့ဖြင့် ကူးသန်းပြေးဆွဲပေးသည့်အတွက် ပြည်သူများမှ ကျေနပ်ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်