ဂွ  စက်တင်ဘာ   ၂၃

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအုပ်စုများတွင်ပါဝင်သည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းတွင် ဆေးထိုးစုရပ်(၃)နေရာ၌ ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ(၂၂)ရက်နေ့အထိအသက်(၅၅)နှစ်အထက်ပြည်သူများနှင့်ဦးစားပေးအုပ်စုအလိုက် ဒေသခံပြည်သူ(၁၆၂၅)ဦး တို့အားထိုးနှံပေးခဲ့ပြီး ကျန်ပြည်သူများကိုလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်