ဂွ စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စက်တင်ဘာ ၂၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကုသဆဲလူနာ ၂၄ ဦးရှိသဖြင့် ရောဂါပိုးတွေ့ရှိမှု လျော့နည်းလာပြီ ဖြစ်သည့်အတွက် ဂွမြို့နယ်အတွင်းရှိ ပြည်သူများ အလုပ်ကိုင် စားဝတ်နေရေး ပြေလည်စေရန်ရည်ရွယ်ပြီး အများပြည်သူအကျိုးငှာ ဒေသန္တရအမိန့်(၂/၂၀၂၁)ကို စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီတွင် ပြောင်းလဲပြင်ဆင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဒေသန္တရအမိန့်တွင် ဂွမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် နံနက် နာရီမှ နေ့လယ် ၂ နာရီအထိသာ ဈေးဝယ်ခွင့် ပြုသွားမည်ဖြစ်ပြီး၊ ကျန်အချိန်များတွင် တာဝန်၊ ကျန်းမာရေးကိစ္စနှင့် နာရေးကိစ္စမှအပ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရန်၊ အခြေခံ စားသောက်ကုန်၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များမှအပ ကျန်ဈေးဆိုင်များအနေဖြင့် နံနက် ၄ နာရီမှ နေ့လယ် ၂ နာရီအထိသာ ဈေးရောင်းချခြင်းပြုလုပ်သွားရန်နှင့် အမိန့်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်